
A community-run organized by RUNderful Myanmar in Yangon on 21 March 2026 that expects thousands of runners to take part in three race categories, i.e., 10-mile, 5-mile, and 3-mile. The objective of the event is to promote public awareness on regular exercise and running as a lifestyle, ultimately to realize the RM’s vision of building up a healthy, active, and joyful society centered around athletics, especially running.
A beginner-friendly race route starts & ends at Thuwanna Stadium, featuring wide and straight paths which are generally flat but flavored with slight uphills and downhills in some sections and stretching along Waizayandar, Thanthumar (up to the Poultry Market area), and Gandamar (up to the Okkla Golf Course area) Roads. This race course could be both reminiscing for seasoned runners and exciting for beginners as well.
RUNderful Myanmar မှ ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သော လူထုအပြေးပြိုင်ပွဲတွင် အကွာအဝေး ၃ မျိုးဖြစ်သည့် ၁၀ မိုင်၊ ၅ မိုင်နှင့် ၃ မိုင်တို့တွင် ထောင်နှင့်ချီသော အပြေးသမား ပါဝင်ယှဉ်ပြိုင်ရန် မျှော်လင့်ထားသည်။ ပွဲ၏ရည်ရွယ်ချက်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အပြေးအားကစားခြင်း တို့ကို ပြည်သူလူထုမှ လူနေမှုပုံစံတရပ်အနေဖြင့် ခံယူကျင့်သုံးလာရန် အသိပညာပေးလှုံဆော်ခြင်းဖြင့် RM ၏ အဓိကမျှော်မှန်းချက်ဖြစ်သော ကျန်းမာသန်စွမ်းပြီး တက်ကြွ ရွှင်လန်းသော လူ့အဖွဲ့အစည်းကို အပြေးအားကစားကို ဗဟိုပြု၍ တည်ဆောက် နိုင်ရန် ဖြစ်သည်။ ယေဘုယျအားဖြင့် ကျယ်ဝန်းပြီး ဖြောင့်တန်းသောလမ်းများပါရှိသော သုဝဏ္ဏအားကစားကွင်းမှ တာထွက်၍ သုဝဏ္ဏအားကစားကွင်းတွင်ပင် ပန်း၀င်မည့် ပြိုင်ပွဲလမ်းကြောင်းသည် အချို့အပိုင်းများတွင် အတက်၊ အဆင်းများရှိပြီး ဝေဇယန္တာ၊ သံသုမာ (ကြက်ဘဲဈေးဧရိယာအထိ) နှင့် ဂန္ဓမာ (ဥက္ကလာဂေါက်ကွင်းအထိ) လမ်းများပါ၀င်ပါသည်။ ဤပြေးလမ်းသည် ၀ါရင့် အပြေး သမားများ အတွက် ယခင် ရန်ကုန်လူထုပြေးပွဲများနှင့်ပတ်သက်၍ သတိရအောက်မေ့ဖွယ်ရာများ ရှိမှာဖြစ်ပြီး ယခုမှစတင်ပြေးသူများအတွက်လည်း စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ပါလိမ့်မည်။
21 March, 2026
110,000 MMK
21 March, 2026
100,000 MMK
21 March, 2026
80,000 MMK
21 March, 2026
200,000 MMK
21 March, 2026
150,000 MMK
21 March, 2026
100,000 MMK







Rules and Regulations of KBZ Community 10-mile Run 2026
Registration Process
Age Requirements (as of March 21, 2026)
Race Categories
Choose one of the following:
Race Pack Collection
Race Day Rules
General
Cut-Off Times
You must complete your race within the following times:
Runners still on the course after the cut-off times may be disqualified, and their safety cannot be guaranteed.
Finisher’s Entitlements
Media & Other Rules
မာရသွန်အပါအ၀င် ပြေးပွဲအများစုတွင် အကွာအ၀ေးကို ကီလိုမီတာဖြင့် ဖေါ်ပြကြပါသည်။ ဤပွဲစီစဥ် ကျင်းပသည့် အဖွဲ့သည်လည်း မာရသွန်နှင့် အခြားပြေးပွဲများကို ကီလိုမီတာဖြင့်ပင် အမြဲဖေါ်ပြခဲ့သော်လည်း မြန်မာပြည်သူအများစုအနေဖြင့် ယနေ့အထိ ခရီးအကွာအ၀ေးကို မိုင်ဖြင့်ခေါ်၀ေါ်သုံးစွဲသည့် ဓလေ့ယဥ်ပါးနေသည်ကို အသိအမှတ်ပြုလျက် ဤပွဲ၏ အဓိက ရည်ရွယ်ချက်သည်လည်း ပြေးပွဲများတွင် ပါ၀င်ဆင်နွဲနေကျ အပြေးသမားများသာမက လူထု တစ်ရပ်လုံးကိုပါ ပါ၀င်လာစေရေးဖြစ်သဖြင့် ပြည်သူအများ အသားကျယဥ်ပါးနေသည့် “မိုင်” ဖြင့်ဖေါ်ပြပြီး အမှတ်တရ ဖြစ်စေမည့် လူထုပြေးပွဲ အမည်အနေနှင့် သုံးစွဲခြင်းဖြစ်ပါသည်။ In most running events, including marathons, distances are typically measured in kilometers. While our organizing team has always used kilometers for marathons and other races, we recognize that the majority of people in Myanmar are still accustomed to using 'miles' for measuring distance. Since the primary goal of this event is to encourage participation not only from regular runners but from the general public as well, we have chosen to use 'miles'—a unit familiar to everyone—to name this mass participation race and make it a memorable experience
ဤပြိုင်ပွဲကို ၂၁၊ မတ်လ၊ ၂၀၂၆ (စနေနေ့) တွင် နံနက် ၅နာရီမှ ၉နာရီအထိ ရန်ကုန်မြို့ သု၀ဏ္ဏအမျိုးသား အားကစားရုံ (တာထွက် နှင့် ပန်း၀င်) တွင် ကျင်းပပါမည်။ ၁၀ မိုင်၊ ၅ မိုင် နှင့် ၃ မိုင် အကွာအ၀ေးပြိုင်ပွဲများပါ၀င်ပါမည်။ The event will be held on Saturday, March 21, 2026, from 5:00 AM to 9:00 AM at the Thuwunna National Indoor Stadium in Yangon (Start and Finish line). It will include 10-mile, 5-mile, and 3-mile distance races.
ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား စုံစမ်းသိရှိရန်: • တရားဝင် Website: ပြိုင်ပွဲ၏ နောက်ဆုံးရသတင်းအချက်အလက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲဝင်ပစ္စည်းထုတ်ယူမည့်နေရာနှင့် အချိန်ဇယားများကို https://myanrun.com/ သို့မဟုတ် KBZ Community 10-mile Run (powered by Tikkat) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ • Facebook Page: ပွဲစီစဉ်သူများနှင့် တိုက်ရိုက်ထိတွေ့မေးမြန်းရန်နှင့် နောက်ဆုံးရသတင်းများရယူရန် Runderful Myanmar facebook page နှင့် Runderful Myanmar News facebook page များ ကို ကြည့်ရှုနိုင်ပါသည်။ • ဖုန်းနံပါတ် သို့မဟုတ် Email: အသေးစိတ်စုံစမ်းရန်အတွက် ပွဲစီစဉ်သူများကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အီးမေးလ်ဖြင့် ဆက်သွယ်နိုင်ပါသည်။ o Email: runderfulmyanmar2020@gmail.com; info@myanrun.com o ဖုန်းနံပါတ်များ: (95) 9 513 5324 (သို့မဟုတ်) (95) 9 540 5026 To find out more details about the event: • Official Website: You can visit https://myanrun.com/ or the KBZ Community 10-mile Run (powered by Tikkat) website for the latest updates, rules and regulations, race kit collection details, and the event schedule. • Facebook Page: Visit the Runderful Myanmar Facebook Page and/or Runderful Myanmar News facebook page to stay updated and to contact the organizers directly for any inquiries. • Phone or Email: You can contact the organizers via phone or email for further details: o Email: runderfulmyanmar2020@gmail.com ; info@myanrun.com o Phone: (+95) 9 513 5324 or (+95) 9 540 5026
ဤပြိုင်ပွဲအား စပွန်ဆာပေးရန်ကိစ္စနှင့် ပတ်သက်သည့်အသေးစိတ်အချက်အလက်များအား စုံစမ်းသိရှိရန် ပွဲစီစဉ်သူများကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အီးမေးလ်ဖြင့် ဆက်သွယ်နိုင်ပါသည်။ o Email: runderfulmyanmarfinance@gmail.com o ဖုန်းနံပါတ်များ: (+95) 9 513 5324 (သို့မဟုတ်) (+95) 9 540 5026 To find out more details about sponsorship of the event: • You can contact the organizers via phone or email for further details: o Email: runderfulmyanmarfinance@gmail.com o Phone: (+95) 9 513 5324 or (+95) 9 540 5026
ြိုင်ပွဲတွင် ပါ၀င်ရန် စာရင်းပေးသွင်းခြင်း နှင့် ပြိုင်ပွဲ၀င်ကြေးပေးသွင်းခြင်းအား Runderful Myanmar facebook page နှင့် Runderful Myanmar News facebook group များတွင် ဖေါ်ပြထားသည့် လင့်မှတဆင့် ပြုလုပ်ရမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံ ပြင်ပရှိ နိုင်ငံခြားသားများ၊ နှင့် မြန်မာနိုင်ငံအတွင်း အလုပ်လုပ်နေထိုင်နေသော နိုင်ငံခြားသားများ အနေဖြင့် သက်ဆိုင်ရာ ပြိုင်ပွဲ၀င် ကြေးနှုန်းထားများအတိုင်း နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် K Pay ဖြင့် ပေးသွင်းနိုင်ပါသည်. To register and pay the entry fee for the race, you must do so through the link provided at the Runderful Myanmar Facebook page and Runderful Myanmar News Facebook group. Myanmar citizens, foreigners residing and working in Myanmar and foreigners living abroad, can pay the applicable entry fees in foreign currency or Myanmar Kyats. Payments are accepted via KBZ Pay only.
ပုံမှန်အားဖြင့် စာရင်းပေးသွင်းခြင်းအားလုံးကို တရားဝင် website (powered by Tikkat) မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့်သာ လက်ခံဆောင်ရွက်ပေးမည် ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် မိမိဘာသာ အွန်လိုင်းစနစ်ဖြင့် စာရင်းပေးသွင်းရန် အခက်အခဲရှိပြီး လူကိုယ်တိုင် လာရောက်စာရင်းပေး သွင်းလိုသူများအတွက် နေရာ၊ ရက် နှင့်အချိန်ကို ထပ်မံကျေညာပေးပါမည်။ အဆိုပါနေ့များတွင် သတ်မှတ်နေရာများတွင် ပွဲစီစဥ်သူများမှ ပြိုင်ပွဲ၀င်များ၏ကိုယ်စား အွန်လိုင်းစနစ်ဖြင့် စာရင်းပေးသွင်း ခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ Normally, all registrations will be accepted online only through the official system i.e., website (powered by Tikkat). However, for those who have difficulty registering online for any reason and wish to register in person, the location, date, and time will be announced later. On those designated days, organizers will assist participants by registering them through the online system at the specified locations.
Early bird အထူးလျှော့စျေးနှုန်းဖြင့် စာရင်းပေးသွင်းခြင်းကို ၂၀၂၆ ခုနှစ် ၊ ဖေဖေါ်၀ါရီ ၆ ရက်နေ့အထိ ပြုလုပ်နိုင်သော်လည်း လူဦးရေ အကန့်အသတ်များ ရှိပါသဖြင့် စောစီးစွာ စာရင်းပေးသွင်းကြရန် တိုက်တွန်း လိုက်ပါသည်။ ပွဲစဥ်အမျိုးအစားအလိုက် နေရာကျန်ရှိမှု အခြေအနေကို https://myanrun.com , Runderful Myanmar facebook page နှင့် Runderful Myanmar News facebook group များတို့တွင် အချိန်မီ ကြေညာပေးသွားပါမည်။ Early bird registration with special discount prices is available until 6th February, 2026. However, as there are limited spots, early registration is highly encouraged. Timely updates regarding remaining availability for each event category will be announced at https://myanrun.com , Runderful Myanmar Facebook page and Runderful Myanmar News Facebook group.
စပွန်ဆာများ၊ မိတ်ဖက်အဖွဲ့အစည်းများမှပါ၀င်ယှဥ်ပြိုင်မည့် သူများအတွက် အထူးလျှော့စျေးနှုန်းများ ရှိပါသည်။ ထို့အပြင် ကျောင်းများ၊ ကုမ္ပဏီများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမှ အုပ်စု လိုက် ပါ၀င်လိုသူများအတွက် အထူးလျှော့စျေးနှုန်းများရှိပါသဖြင့် အသေးစိတ်အချက်အလက်များ အား စုံစမ်းသိရှိရန် ပွဲစီစဉ်သူများကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အီးမေးလ်ဖြင့် ဆက်သွယ် နိုင်ပါသည်။ o Email: runderfulmyanmar2020@gmail.com o ဖုန်းနံပါတ်များ: (+95) 9 513 5324 (သို့မဟုတ်) (+95) 9 540 5026 Special discount rates are available for participants from sponsors and partner organizations. Additionally, special discounts are offered for group registrations from schools, companies, and both local and international organizations. For more detailed information, please contact the organizers via phone or email. o Email: runderfulmyanmar2020@gmail.com o Phone: (+95) 9 513 5324 or (+95) 9 540 5026
စာရင်းပေးသွင်းရာတွင် login as a guest ကို ရွေးပြီး ဝင်ရောက်ပါက စာရင်းသွင်းသူ၏ အီးမေးလ်လိပ်စာ နှင့် ချိတ်ဆက်၍ အကောင့်ဖွင့်စရာ မလိုဘဲ စာရင်းပေးသွင်းနိုင်ပါသည်။ အကောင့်ဖွင့် လိုသူများ အနေဖြင့်လည်း မိမိတို့၏ email / google account နှင့် facebook account တို့ဖြင့်ချိတ်ဆက်၍ အကောင့်ဖွင့်၍ ဝင်ရောက်နိုင်ပါသည်။ When registering, if you choose to "log in as a guest," you can register using the provided email address without needing to sign up an account. For those who wish to open an account, you may log in by linking your email/Google account or your Facebook account.
စာရင်းပေးသွင်းရာ၌ အီးမေးလ်လိပ်စာဖြည့်သွင်းရန် လိုအပ်ပါသည်။ စာရင်းပေးသွင်းချိန်တွင် ဖြည့်ခဲ့သော အီးမေးလ်လိပ်စာဆီသို့ QR code ပါသည့် အတည်ပြုစာကို ပေးပို့သွားမှာဖြစ်ပြီး အဆိုပါ အတည်ပြုစာ ကိုလည်း ပြိုင်ပွဲဝင်ပစ္စည်းများ လာယူသည့်နေ့တွင် ယူဆောင်လာရမှာ ဖြစ်ပါသည်။ ထို့ကြောင့် အီးမေးလ် လိပ်စာကို မှန်ကန်စွာ ဖြည့်ရန် လိုအပ်ပါသည်။ An email address is required for registration. A confirmation email containing a QR code will be sent to the email address you provided during sign-up. You must bring this confirmation email with you on the day you collect your race pack. Therefore, please ensure that your email address is entered correctly.
စာရင်းပေးသွင်းမှု ပြီးဆုံးသော်လည်း QR code ပါသည့် အတည်ပြုစာကို မရရှိခြင်းသည် အင်တာနက်လိုင်းပြတ်တောက်မှု/ချို့ယွင်းမှုကြောင့် (သို့မဟုတ်) အီးမေးလ်လိပ်စာ ထည့်သွင်းရာတွင် မမှန်ကန်ခြင်းတို့ကြောင့် ဖြစ်နိုင်ပြီး ထိုသို့ဖြစ်ပေါ်လာပါက ပွဲစီစဥ်သူထံသို့ အောက်ပါဖုန်းများမှ တဆင့်ဆက်သွယ်နိုင်ပါသည်။ ဖုန်းနံပါတ်များ: (+95) 9 513 5324 (သို့မဟုတ်) (+95) 9 540 5026 If you have completed your registration but have not received a confirmation email with a QR code, it may be due to an internet connection interruption/failure or an incorrect email address. In such cases, you can contact the event organizer at the following phone numbers: (+95) 9 513 5324 or (+95) 9 540 5026.
သူငယ်ချင်းများစု၍ဖြစ်စေ၊ လုပ်ဖေါ်ကိုင်ဖက်များစု၍ဖြစ်စေ ပြိုင်ပွဲ၀င်နိုင်သော်လည်း စာရင်းသွင်းရာ တွင် ပုံစံဖြည့်စွက်ခြင်း တစ်ကြိမ်လျင် တစ်ဦးအတွက်သာ စာရင်းသွင်း၍ရပါမည်။ သို့သော် တူညီသည့် အီးမေးလ်လိပ်စာ တစ်ခုတည်းကိုအသုံးပြု၍ စာရင်းသွင်းနိုင်သည့် ပြိုင်ပွဲ၀င်ဦးရေ ကန့်သတ်ချက် မရှိပါ။ အရေးကြီးသည်မှာ စာရင်းသွင်းရာတွင် အသုံးပြုသည့် အီးမေးလ်လိပ်စာကို မှန်ကန်စွာ ဖြည့်သွင်းရန် လိုပါမည်။ အီးမေးလ်လိပ်စာ မှားယွင်းစွာဖြည့်သွင်းမိပါက အောင်မြင်စွာ စာရင်းသွင်းပြီး ကြောင်း ပေးပို့သည့် QR code ပါသည့် အတည်ပြုစာကို ရရှိမည်မဟုတ်ပါ။ အဆိုပါ အတည်ပြုကို ပြိုင်ပွဲဝင်ပစ္စည်းများ လာယူသည့်နေ့တွင် မဖြစ်မနေယူဆောင်လာရန် လိုအပ်ပါသည်။ You may register as a group of friends or colleagues; however, each registration form must be filled out for only one person at a time. There is no limit to the number of participants who can register using the same email address. It is crucial that the email address used for registration must be valid and entered correctly. If an invalid or inaccurate email address is provided, you will not receive the confirmation email containing the QR code that you must bring along with you on the day you collect your race kit.
၁၀ မိုင်၊ ၅ မိုင် နှင့် ၃ မိုင် ပြိုင်ပွဲများအတွက် အငယ်ဆုံးအသက် ကန့်သတ်ချက်မှာ ၁၂ နှစ်၊ ၈ နှစ် နှင့် ၆ နှစ်တို့ အသီးသီး ဖြစ်ကြပါသည်။ ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲရန်အတွက် အကြီးဆုံး အသက်ကန့်သတ်ချက် မရှိပါ။ အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင်များသည် စာရင်းပေးသွင်းရန်အတွက် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို တင်ပြရန် လိုအပ်ပါသည်။ စာရင်းပေးသွင်းချိန်တွင် အငယ်ဆုံး အသက် ကန့်သတ်ချက် အောက် ရောက်ရှိနေကြောင်း ပုံစံဖြည့်စံနစ်မှ တွေ့ရှိပါက သဘောတူညီချက်နှင့် တာဝန်ယူမှုဆိုင်ရာ ဝန်ခံကတိပြုလွှာ (Consent and Indemnity Form) ကို ဒေါင်းလုဒ်ရယူရန် ညွှန်ကြားမည် ဖြစ်ပါသည်။ ယင်းပုံစံအား မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူမှ သေချာစွာဖတ်ရှုပြီး ဖြည့်စွက်လက်မှတ်ရေးထိုးရမည်ဖြစ်ကာ၊ ပြိုင်ပွဲဝင်ပစ္စည်းများ (Race Pack) ထုတ်ယူချိန်တွင် လက်မှတ်ရေးထိုးထားသော ထိုပုံစံကို တင်ပြရမည် ဖြစ်ပါသည်။ ထိုသို့ တင်ပြနိုင်ခြင်းမရှိပါက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို အလိုအလျောက် ပယ်ဖျက်မည် ဖြစ်ပါသည်။ Minimum age limit for 10-mile, 5-mile and 3-mile are 12-year, 8-year and 6-year respectively. There is no maximum age limit for taking part in the event. Participants below 18-year of age are required to submit a parental consent to register. If registrant is found out to be below minimum age limit at the time of registration, system will prompt you to download a consent and indemnity form for you to get your parent/ legal guardian to carefully read, complete and sign it before submitting the signed consent and indemnity form at the time for collection race pack. Failing to do so will automatically disqualify you from participating in the event.
တရား၀င်စာရင်းပိတ်ရက်မတိုင်မီ စာရင်းပေးသွင်းသူတိုင်းသည် ပြိုင်ပွဲ၀င်နေသည့် အချိန်ကာလ အတွင်း အကြုံး၀င်သည့် ထိခိုက်ဒဏ်ရာရမှုအာမခံပေါ်လစီတစ်ခု ရရှိမည်ဖြစ်ပါသည်။ အဆိုပါ အာမခံအတွက် အခကြေးငွေထပ်မံပေးသွင်းရန်မလိုပါ။ အဆိုပါ ထိခိုက်ဒဏ်ရာရမှုအာမခံပေါ်လစီ နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ အာမခံကုမ္ပဏီထံ မေးမြန်းစုံစမ်း နိုင်ပါသည်။ မေးမြန်းစုံစမ်းရန် ဆက်သွယ်ရမည့် အီးမေးလ်လိပ်စာ ဖုန်းနံပတ် တို့ကို ပွဲစီစဥ်သူမှ ကြေငြာပေးပါမည်။ Every participant who registers before the official closing date will receive a personal accident insurance coverage valid for the duration of the race. There is no additional fee for this insurance. Detailed information regarding the insurance coverage can be obtained from the respective insurance company. The organizer will announce the email address and phone number for these inquiries.
ပြိုင်ပွဲ၀င်ရန် စာရင်းပေးသွင်းပြီးပါက မည်သည့် အကြောင်းပြချက်ကြောင့်ဖြစ်စေ ပြိုင်ပွဲ၀င်ကြေးကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။ မိမိနံမည်ဖြင့်စာရင်းပေးသွင်းထားပြီး ပြိုင်ပွဲ မ၀င်ဖြစ်ပါက ပြိုင်ပွဲ၀င်ခွင့်ကို အခြားတစ်ဦးအား လွှဲပြောင်းပေးခွင့် မရှိပါ။ Once registered, the entry fee is non-refundable under any circumstances. If you have registered in your name but are unable to participate, you are not permitted to transfer your entry to another person.
စာရင်းပေးသွင်းခြင်း ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ဖြည့်စွက်ပြီးခဲ့သော အချက်အလက်များကို ပြန်လည် ပြောင်းလဲနိုင်မည် မဟုတ်ပါ။ Once registration is submitted, you will not be able to modify the information you have provided.
စာရင်းပေးသွင်းခြင်း ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ဖြည့်စွက်ခဲ့ပြီးသော ပြိုင်ပွဲအမျိုးအစားကို ပြောင်းလဲနိုင်မည် မဟုတ်ပါ။ You are not allowed to change race categories once registration is completed.
ပြိုင်ပွဲ၀င်သူများအနေဖြင့် ရရှိမည့် ပြိုင်ပွဲ၀င် ပစ္စည်းအိတ်ထဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ် ထားသည့် ပြိုင်ပွဲ၀င် တီရှပ်၊ ရှေ့ဖက်တွင် ပြိုင်ပွဲ၀င်သူ၏ နံမည် နှင့် နံပတ် ရေးထိုးထားပြီး နောက်ဖက် တွင် စံချိန်မှတ် ချစ်ပ်ပြားများတပ်ဆင်ထားသည့် ပြိုင်ပွဲ၀င်နံပတ်ပြား၊ နှင့် စပွန်စာများမှပံ့ပိုးပေးထား သည့် ပစ္စည်းများပါ၀င်ပါသည်။ အဆိုပါ ပစ္စည်းများကို ပြိုင်ပွဲရက်မတိုင်ခင် ရက်အနည်းငယ် အလိုတွင် ကျင်းပမည့် စပွန်စာများ မိတ်ဖက်အဖွဲ့များ၏ ပြခန်းများ၊ အပြေးလောက၏ ထင်ရှားသူများပါ၀င်မည့် ဟောပြောပွဲများ ပါ၀င်သည့် ပြိုင်ပွဲအကြို Expo ပွဲတွင် ထုတ်ပေးမည် ဖြစ်ပါသည်။ နေ့ရက် အချိန် နှင့် နေရာတို့ကို အချိန်နီးကပ်ပါက ကြေငြာပေးမည် ဖြစ်ပါသည်။ လာရောက်ထုတ်ယူမည့်သူသည် ပြိုင်ပွဲ၀င် ကိုယ်တိုင်ဖြစ်ပါက QR code ပါသည့် အတည်ပြုစာ၊ ကိုယ်စားဖြစ်ပါက QR code ပါသည့် အတည်ပြုစာ နှင့် ကိုယ်စားလှယ်လွှဲစာတို့နှင့် ထုတ်ယူရပါမည်။ အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင်များ သည် ပြိုင်ပွဲ၀င် ပစ္စည်းများလာရောက်ထုတ်ယူသည့်အခါ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူ လက်မှတ်ရေးထိုးထားသည့် တာဝန်ယူမှုဆိုင်ရာ ဝန်ခံ ကတိပြုလွှာ (Consent and Indemnity Form) ကို တင်ပြရမည် ဖြစ်ပါသည်။ ထိုသို့ တင်ပြနိုင်ခြင်းမရှိပါက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ကို အလိုအလျောက် ပယ်ဖျက်မည် ဖြစ်ပါသည်။ The race kits provided to participants will include a category-specific event T-shirt, a race bib featuring the participant's name and number on the front with a timing chip attached to the back, and promotional items from sponsors. These kits will be distributed at the pre-race Expo, which will be held a few days before the event and will feature sponsor and partner booths, as well as talk shows by prominent figures in the running community. The specific date, time, and location will be announced closer to the Expo date. To collect the kit, participants must present the confirmation email containing their QR code. If someone is collecting on behalf of a participant, they must provide the QR code confirmation along with an authorization letter. Participants under the age of 18 must submit a 'Consent and Indemnity Form' signed by a parent or legal guardian when collecting their race kit. Failure to provide this form will result in the automatic cancellation of the participant's eligibility to compete.
ပြိုင်ပွဲအမျိုးအစားအလိုက် တာထွက်ချိန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ နံနက် ၄း၃၀ - ၁၀ မိုင် နှင့် နံနက် ၅:၀၀ - ၅ မိုင် နှင့် ၃ မိုင်။ တာထွက်ချိန် အပြောင်းအလဲရှိပါက ထပ်မံကြေငြာပေးပါမည်။ ပြိုင်ပွဲအမျိုးအစားအလိုက် ပြိုင်ပွဲ လမ်းကြောင်းများကို လမ်းတလျောက် ရေနှင့်အားဖြည့်အချိုရည် ရရှိနိုင်မည့် စခန်းငယ်များ၊ ရှေးဦးသူနာပြုစခန်းငယ်များ တည်ရှိမည့်နေရာများနှင့်တကွ ပြိုင်ပွဲရက် နီးပါက ကြေငြာပေးပါမည်။ Flag-off time for each race category are as follows: 4:30 AM – 10 Miles and, 5:30 AM – 5 Miles and 3 Miles If there is any change to the flag-off time, it will be announced in due course. The routes for each race category, along with the locations of water and energy drink stations and first aid stations, will be announced closer to the event date.
စာရင်းပေးသွင်းပြီး ပြိုင်ပွဲဝင်နံပါတ်ပြား တပ်ဆင်ထားသူများသာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ Only registered runners wearing their assigned bib number will be allowed to run on the race course.
အိမ်မွေးတိရိစ္ဆာန်များကို ပြိုင်ပွဲကျင်းပရာနေရာနှင့် ပြေးလမ်းများသို့ ခေါ်ဆောင်လာခြင်း မပြုရပါ။ Pets are not allowed on the race course, event site, or race village on the race day.
ပါဝင်ယှဥ်ပြိုင်မည့်သူများအားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် ပြိုင်ပွဲကျင်းပရာနေရာသို့ ခရီး ဆောင်အိတ်များနှင့် ကိုယ်ရေးကိုယ်တာ အသုံးအဆောင်များ ယူဆောင်လာခြင်းကို တင်းကျပ်စွာတား မြစ်ထားပါသည်။ ပစ္စည်းအပ်ရန်နေရာများကိုလည်း စီစဥ်ပေးထားမည် မဟုတ်ပါ။ ပြိုင်ပွဲဝင်များ အနေဖြင့် သင့်လျော် သော အဝတ်အစားများကိုသာ ဝတ်ဆင်လာပြီး လိုအပ်သော ပစ္စည်း (ဥပမာ - ဖုန်း၊ မှတ်ပုံတင်) စသည်များကို မိမိနှင့်တစ်ပါတည်း ယူဆောင်သွားကြရန် အကြံပြုလိုပါသည်။ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိသည့် အိတ်များ ကိုလည်း လုံခြုံရေးအဖွဲ့မှ ကြိုတင်အသိပေးခြင်းမရှိဘဲ စွန့်ပစ်ခြင်း (သို့) ဖယ်ရှားခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ For the safety and security of all participants and attendees, baggage and large personal items are strictly prohibited at the event venue. No baggage storage facilities will be available. Participants are advised to arrive in running attire and carry only essential items (e.g., phone, ID) in a waist pouch or similar. Any unattended bags will be removed and disposed of by security personnel without prior notice
ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ် ပန်း၀င်စံချိန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁၀ မိုင် - ၃ နာရီ၊ ၅ မိုင် - ၁ နာရီ ၃၀ မိနစ်၊ ၃ မိုင် - ၁ နာရီ ဖြစ်ပါသည်။ ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ် ပန်း၀င်စံချိန်များအတွင်း ပန်း၀င်ပါက ၁၀မိုင်နှင့် ၅မိုင် ပြိုင်ပွဲ၀င်များ အနေဖြင့် ပန်း၀င် တီရှပ် နှင့် ဆုတံဆိပ် ရှိပါမည်။ ၅မိုင် ပြိုင်ပွဲ၀င်များ အနေဖြင့် ပန်း၀င်ဆုတံဆိပ် ရရှိပါမည်။ The cut-off times for each race category are as follows: 10 Miles – 3 hours 5 Miles – 1 hour 30 minutes 3 Miles – 1 hour Participants in the 10-mile and 5-mile categories who finish within the designated time limits will receive a finisher T-shirt and a medal. Participants in the 5-mile category will receive a finisher medal.
၁၀မိုင် နှင့် ၅မိုင် ပြိုင်ပွဲများအတွက် ပန်း၀င်စံချိန်ကို ပြိုင်ပွဲဝင်နံပါတ်ပြား နောက်ကျောတွင် ထည့်သွင်းထားသည့် စံချိန်မှတ် ချစ်ပ်ပြားများသုံး၍ RFID စံနစ်ဖြင့် တိုင်းတာမည် ဖြစ်ပါသည်။ ၃ မိုင် အတွက် ပန်း၀င်စံချိန်ကို မှတ်တမ်းတင်ထားမည် မဟုတ်ပါ။ For the 10-mile and 5-mile races, finish times will be measured using an RFID system via the timing chips attached to the back of the race bibs. Finish times for the 3-mile race will not be recorded.
၁၀ မိုင် နှင့် ၅ မိုင် ပြိုင်ပွဲဝင်အမျိုးအစားများအလိုက် အောင်မြင်စွာပန်းဝင်သည့် ပြိုင်ပွဲဝင်များကို ပန်း၀င် စံချိန် ဖေါ်ပြထားသည့် E-certificate ထုတ်ပေးမည်ဖြစ်သည်။ Participants in the 10-mile and 5-mile categories who successfully cross the finish line will be issued an E-certificate displaying their official finish time.
ပြိုင်ပွဲအမျိုးအစား အလိုက် ပထမ မှ ပဉ္စမ အထိ ပန်း၀င်သူများအား ကျားမခွဲ၍ ငွေသားဆု နှင့် စပွန်စာများချီးမြှင့်မည့် အခြားဆုများကို ပေးအပ်ချီးမြှင့်ပါမည်။ Cash prizes and other sponsor awards will be presented to the first through fifth place finishers in each competition category, for both genders separately.
အရေးပေါ်အခြေနေအရ ကြေငြာထားသည့် နေ့၊နေရာ၊အချိန်အတိုင်း ပွဲကျင်းပရန် မဖြစ်နိုင်ပါက ရက်ရွှေ့ဆိုင်းခြင်း၊ နေရာပြောင်းလဲခြင်း၊ ပြိုင်ပွဲပုံစံ ပြောင်းလဲခြင်းတို့ကို ပြိုင်ပွဲ၀င်များ အဆင်အပြေဆုံး ဖြစ်စေရန် စီစဥ်ပေးပါမည်။ အတတ်နိုင်ဆုံး ဆောလျင်စွာ အကြောင်းကြားပေးပါမည်။ အကယ်၍ အဆိုပါအခြေအနေများ ကြုံတွေ့ရပါက နားလည်လက်ခံပေးပါရန် နှင့် စာရင်းပေးသွင်းထားငွေကို ပြန်အမ်းပေးမှုကို လုပ်ဆောင်မည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ If it becomes impossible to hold the event at the announced date, time, or venue due to emergency situations, we will arrange to reschedule, change the venue, or alter the competition format in a way that is most convenient for the participants. We will notify the participants as soon as possible. We kindly ask for your understanding and acceptance that registration fees will not be refunded in such circumstances.




